တခါတရံ Windows XP ကို Shut down လုပ်လျှင် အင်မတန်နည်းကွေးနေပါက အောက်ပါ Registry Editor ထဲမှ အဆင့် (၅) ဆင့် ပြင်လိုက်ပါက မြန်ဆန် လာသည် ကိုတွေ့ရသည်။
ဦးစွာ Start menu ထဲက Run ကို ဖွင့်လိုက်ပါ။ ပုံ(၁)တွင် ပြထားသည့်အတိုင်း Run တွင် regedit ရိုက်ပြီး Enter ခေါက်လိုက်ပါ။
Registry Editor ထဲတွင် HKEY_CURRENT_USER \ Control Panel \ Desktop အောက်က HungAppTimeout ကို Double click ပြီး 5000 ကို 1000 ပြောင်း၊ Ok ကို Click လုပ်ပါ။
ပုံ (၂) တွင်ဖေါ်ပြထားပါသည်။
ပြီးနောက် Scrooll bar ကိုအောက်ဖက်သို့ ဆင်းကာ WaitToKillAppTimeout ကို Double Click လုပ်ပြီး 20000 ကို 1000လို့ပြောင်းလိုက်ပါ။ ပုံ (၃)တွင်ကြည့်ပါ။
၎င်းနောက် HKEY_LOCAL_MACHINE\System\CurrentControlSet\Control အောက်က WaitToKillServiceTimeout ကို Double Click ပြီး 1000 ပြောင်းလိုက်ပါ။ ပြီးတော့ Ok ။ ပုံ (၄)
နောက်ဆုံး အဆင့်တော့ HKEY_USERS\ DEFAULT\ Control Panel\Desktop အောက်က HungAppTimeout ကို 1000 လို့ပြောင်းပြီး Ok နှိပ်လိုက်ပါ။ ပုံ (၅) တွင်ကြည့်ပါ။ Scoll bar ကို အောက်သို့ဆင်းလိုက်ပါ။
WaitToKillAppTimeout ကို Duouble Click ပြီး 1000 ပြောင်းလိုက်ပါ။ ပုံ (၆) တွင်ကြည့်ပါ။
သင်၏ Windows XP ကို Shut Down လုပ်လျှင် ပိုမို မြန်ဆန်လာပါလိမ့်မယ်။ ကံကောင်းပါစေ။






August 9th, 2010 at 2:17 pm
ကျနော်ရဲ့စက်က shut down လုပ်ပြီးလည်း windows is shutting down ဆိုပြီးရပ်သွားပါတယ်…
မီး power က auto ကျမသွားပဲနဲ့
လက်နဲ့ဖိပြီးပိတ်ရပါတယ်….အဲဒါကိုဘယ်လိုများပြန်ပြင်ရမလဲ…..
ကျေးဇူးပြုပြီးကူညီပေးပါ……..windowXP ပါ………
saiaungtunnn@gmail.com
November 30th, 2010 at 11:47 am
ကျနော်ကွန်ပြူတာကမြန်ဆန်လာပြီ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ …………။
November 30th, 2010 at 11:49 am
အောင်ကိုဦး
January 10th, 2011 at 12:37 pm
လုပ်ကြည့်လိုက်မယ်နော် အခု ကျေးဇူးပါဒီပိုဒ့်အတွက်
January 10th, 2011 at 12:43 pm
ရဘူး သူငယ်ချင်း ကျတာ့်စက်က သယ်ရင်းပြတဲံ အတိုင်းပါ ဘူးဟ
January 10th, 2012 at 8:51 am
စက်တက်တာကိုရော မြန်အောင်လုပ်လို့ရမလားအစ်ကို
ကျေးဇူးပြုပြီးပြောပြပေးပါဦး