Clean files:
ဦးစွာ trash, temp files တွေ မလိုအပ်တဲ့ files များကို Delete လုပ်ပါ။ အောက်ဖော်ပြပါ အတိုင်းလုပ်သင့်ပါသည်။
Start > Accessories > System Tools > Disk Cleanup

Clean လုပ်ချင်တဲ့ drive ကို ရွေးချယ်ပြီး Clean လုပ်မည့် items များကို အမှတ်ခြစ်ကာ OK

Downloaded Program Files, Temporary Internet Files, Recycle Bin and Temporary Files များကိုအမှတ်ခြစ်ပြီး Clean လုပ်ဖို့ အကြံပြုပါရစေ။
Remove unwanted startup items:
မလိုအပ်သည့် startup items များကို ဖယ်ရှားခြင်းဖြင့် windows ကို boot လုပ်သည့် အခါတွင် ပို၍ မြန်ဆန်လာသည်။
အောက်ပါအတိုင်းပြုလုပ်သင့်ပါသည်။
Start Menu > Programs > Startup တွင် Windows boot သည့်အခါ မလိုအပ်သည့် programs ကို Delete လုပ်ပါ။
Start Menu > Run> တွင် msconfig.exe ရိုက်ပြီး Enter ခေါက်လိုက်ပါ။

အမှတ်ခြစ်ထားသည့် မလိုအပ်သည့် items များကို ဖယ်ရှားပါ။

မည်သည့် Items များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။
Remove unwanted programs or applications
ကွန်ပြူတာတွင် installed လုပ်ထားသော programs အများအပြား ရှိနေပါလိမ့်မည်။ program မြောက်များစွာ installed ထားခြင်းဖြင့် ကွန်ပြူတာ system ကို နှေးကွေးစေပါသည်။ ထို့ကြောင့် အသုံးမပြုသည့် program များကို uninstall ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ ပိုမိုမြန်ဆန်လာပါ လိမ့်မည်။
မလိုလားသည့် programs များကို အောက်ပါအတိုင်းဖယ်ရှားနိုင်ပါသည်။
Start > Control Panel > Add or Remove Programs

မည်သည့် program များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။
Defrag your hard drive:
Start Menu > Programs > Accessories > System Tools > Disk Defragmenter/Check Now
Defrag လုပ်ချင်သည့် Disk ကို ရွေးပြီး Defrag လုပ်ပေးပါ။ သင့် Disk ကို Defrag တခုပြီးတခု အလိုအလျှောက် Defrag ပြုလုပ်ရန် နည်းလမ်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။
သင့် Disk များကို အနည်းဆုံး ၁ လ အကြိမ် Defrag ပြုလုပ်ရန် အကြံပြုပါရစေ။
သင့်ကွန်ပြူတာ Anti viruses ကို မှန်မှန် update လုပ်ပြီး scan လုပ်ပေးရန်အကြံပြုပါရစေ။
နောက်ဆုံးအနေဖြင့် ကွန်ပြူတာ system case ကို ဖွင့်ပြီး ဖုန်များကို သုတ်သင်ရှင်းလင်းပါ။ ဖုန်မှုတ်စက်၊ စုတ်တံများကို အသုံးပြုပြီး ၅ လ တကြိမ်ခန့် ဖုန်များကို ရှင်းလင်းပါ။ ဖုန်သည် ကွန်ပြုတာအတွက် အလွန်ပြဿနာ ဖြစ်စေပြီး၊ ပျက်စီးစေသော နံပါတ် ၁ ကွန်ပြူတာ ဖျက် လက်နက် ဖြစ်သည်။
October 15th, 2008 at 4:03 am
ကွန်ပျူတာ ရဲ့ အလုပ်လုပ်နိုင်မှု မြန်ဆန်သွက်စေရန်
မည်သည့် အစိတ်အပိုင်း များက အဓိ က အားကောင်းရန် လိုအပ်
ကြောင်းသိချင်ပါတယ်ခင်ဗျား
အခုလို ရှင်းပြထားတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါသည်။
November 12th, 2008 at 8:14 pm
vtijjww3i3m43frr
December 26th, 2008 at 9:54 am
အခုလိုရှင်းလင်းစွာသိအောင်မှတ်သားခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
မိမိကွန်ပျူတာဖွင့်ထားတာကြာရင် shutdown ဖြစ်သွားတယ်။ ဘာကြောင့်ဆိုတာသိချင်ပါတယ်ရှင့်။
January 12th, 2009 at 4:01 pm
ma eikham ခင်ဗျာ…….
ကွန်ပျူတာဖွင့်ထားတာကြာရင် shutdown ဖြစ်သွားတဲ့နေရာမှာ စနစ်တကျနဲ့ computer system ရဲ့ လုပ်ဆောင်ပုံမျိုးနဲ့ shutdown ဖြစ်ခြင်းလား၊ ဒါမှမဟုတ် ရုတ်ချည်း ပြတ်တောက်သွားခြင်း ( ကွန်ပျူတာသုံးနေတုန်း UPS ကို ပိတ်လိုက်သလို ) မျိုးလားဆိုတာကို သိခွင့်ရချင်ပါတယ်……….။
January 28th, 2009 at 4:19 pm
အခုလိုရှင်းပြထားတဲ့အတွက်ကျေးဇူးတင်ပါတယ်..။ ဒါဟာမိမိတက်ထားတဲ့ ပညာတစ်ခုကို မျှဝေပေးခြင်းလဲးဖြစ်ပါတယ်..။ ကောင်းမွန်တဲ့အလုပ်တစ်ခုပါပဲး…။ နောက်လဲး ထပ်ပြီးတော့ ပညာတွေကိုမျှဝေပေးနိုင်ပါစေ… ကျန်းမာချမ်းသားပါစေဗျ….။
January 30th, 2009 at 12:31 am
ဆရာ အရန်းကောင်းတယ်နော်
အခုလိုရေးလိုက်ခြင်းဖြင့် မသိတဲ့သူများ
အတွက် အရမ်းအကျိုးရှိတယ်
May 21st, 2009 at 1:12 pm
ကျေးဇုးတင်အများကြီးတင်တယ်ကွာ.ကျနော်ကွန်ပြူတာလဲပြန်ကောင်းသွားပြီ.ဆိုင်သွားရင်ဘယ်လောက်ကုန်သွားမယ်လဲမသိဘူး..အရမ်းဘဲအကျိုးရှိပါတယ်
June 21st, 2009 at 1:29 am
ကွန်ပျူတာ အသံမြည်တာ ဘာကြောင့်ဘာလဲခင်ဗျား အသံတို တီတီတီ နဲ့မြည်ပါတယ်
မမြည်အောင်ဘယ်လိုလုပ်ရမလဲ
လေးစားလျှက်
စိုးမင်း
June 23rd, 2009 at 11:38 am
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား
November 4th, 2009 at 6:20 am
ကျနော် ကျေးဇူးတင်ပါတယ်ရှင်။ ကျနော် ဒီနည်းလေးကိုရတာ အထူးဝမ်းသာမိပါတယ်။
November 4th, 2009 at 6:22 am
နောက်လည်း ကွန်ပျူတာ စက်ပိုင်းဆိုင်အကြောင်း၊တပ်ဆင်မှု အဆင့်ဆင့်ကို လည်း သိချင်ပါတယ်
လို့ တင်ပြပါရစေ။
November 7th, 2009 at 12:54 am
သည်လိုမျိုးတင်ပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်နောက်ထပ်လဲတင်ပေးပါအုံး
March 18th, 2010 at 11:55 pm
Thank you so much for such wonderful process to clean our computer. Can u please tell us more
September 1st, 2010 at 11:38 pm
အခုလိုဖော်ပြပေးတဲ့အတွက်ကျေးဖူးတင်ပါတယ်။
နောက်နောင်လည်းဒီထက်မကဖော်ပြပေးပါဦး။