Defrag all drives at once in windows XP Blog ၌မော်ကွန်းပြက္ခဒိန် (Archive Calendar) ထည့်သွင်းနည်း
Nov 15

ဟိုတလောက အလုပ်ကလူတစ်ယောက် သူ့ဆီကို MS Office 2007 နဲ့ Word ဖိုင်တစ်ခု ရောက်လာတယ်။ ဆိုတော့ MS Office 2003 နဲ့ လုံးဝဖွင့်လို့မရပါဘူး။ ဘယ်လိုနည်းနဲ့မှ ဖွင့်လို့မရတာပါ။ ဒါနဲ့ ကျနော့်တာဝန်ကျလာတယ်။ ဖွင့်လို့ရအောင် လုပ်စေဆိုတဲ့ အမိန့်နဲ့ပေါ့။ ကျနော်ကိုယ်တိုင်ကလည်း Software တွေ Converter တွေ ကြိုမရှာထားလေတော့ အင်တာနက်မှာ ကမန်းကတန်း လိုက်ရှာရပါတယ်။ ပေါလိုက်တဲ့ Software တွေနဲ့ Online Converter website တွေ။ အဲဒီအထဲက ပေါ့ပေါ့ပါးပါး ရှင်းရှင်းလင်းလင်းဖြစ်တဲ့ zamzar.com ဆိုတဲ့ ဆိုက် ကိုစမ်းသုံး ကြည့်ဖြစ်ပါတယ်။

အကြမ်းအားဖြင့် …

Document formats
Image formats
Music formats
Video formats
Compressed formats

ဆိုပြီး ငါးမျိုးခွဲထားပါတယ်။ အဲဒီအောက်မှာ formats ရာဂဏန်းပေါင်းများစွာ ရှိနေတာကို တွေ့ရမှာပါ။ သုံးပုံသုံးနည်းကို ရှင်းပြနေတာထက် သွားတက်ကြည့်လိုက်တာက ပိုမြန်မယ်လို့ ထင်ပါတယ်။ Software မသုံးချင်သူများအတွက်တော့ အလွန်အသုံးဝင်မှာပါ။

7 Responses to “Zamzar”

  1. Atz Says:

    were do i take your burmese fonts?

  2. Atz Says:

    i mean where

  3. ရေခဲမြစ် Says:

    ကျွန်တော်ဆီမှာလဲ အပေါ်က ဆရာတို့ရေးထားတဲ့ ပုံစံမျိုး ပြဿနာ တက်နေတယ် ခင်ဗျား။ အဲ့တာနဲ့ ကျွန်တော်လဲ မေးရမယ့်သူမရှိတာနဲ့ ဆရာတို့ဆီ ဒီကပဲမေးလိုက်တော့မယ်။

    Microsoft Office 2007 ဖိုင်တစ်ချို့ကို ဖွင့်လို့မရဘူးဖြစ်နေတယ်။ .docx နဲ့ .xlsx ဖိုင်တွေကို ဆရာတို့ပြောတဲ့ zamzar မှာ convert လုပ်လို့ရပါတယ်။ ဒါပေမယ့် တစ်ချို့ Microsoft office 2007 ဖိုင်တွေက .doc, xls နဲ့ ရောက်လာတယ်။ ဘယ်လို convert လုပ်ရမလဲ ရှင်းပြလို့ရလား။ နောက် အဲ့ဒီဖိုင်တွေနဲ့ အတူရောက်လာတဲ့ pdf ဖိုင်တွေလဲ error ပြပြီး ဘယ်လိုမှ ဖွင့်မရဘူးဖြစ်နေတယ်။ ကယ်ပါအုံးဆရာ။ converter software ဘယ်ကနေ ဒေါင်းလုဒ် လုပ်ရမယ်ဆိုတာ ပြောပြရင် ပိုကောင်းမယ်ထင်တယ်။ Microsoft က Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats ကို ဒေါင်းလုဒ်လုပ်ထားတာလဲ ဖွင့်လို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီပြဿနာ တက်နေတာကြာပြီ။ ကျေးဇူးပါခင်ဗျား။ ကျွန်တော့်ဆီ အီးမေး ပို့ပေးလို့ရလား။ yungngaiphong@gmail.com ပါ။

  4. soe min htike Says:

    If u can’t open the office 2007 files. i will suggest you try open office program.
    Open Office is like this office program.. :)

  5. Susana Harrison Says:

    pvtuiun4kxd0250y

  6. Yan Lin Says:

    http://www.microsoft.com/downloads/details.aspx?familyid=941b3470-3ae9-4aee-8f43-c6bb74cd1466&displaylang=en

    ဖိုင်ဖွင့်မရဖြစ်နေတဲ့ ပြဿနာတွေကို Microsoft က ဖြေရှင်းထားပြီးပါပြီ … အထက်ပါ လင့်က Software လေးကိုသာ စက်ထဲကို Install လုပ်လိုက်ပါ … Microsoft Office ဘယ်ဖိုင်မဆို ဖွင့်လို့ရပါပြီ

  7. Yan Lin Says:

    ကျနော် စမ်းကြည့်သလောက် အတော်လေး အဆင်ပြေပါတယ် … ပြဿနာမရှိပါဘူး … ထပ်စမ်းလို့မှမရရင် ကျနော့်ဆီကို အီးမေးလ်ပို့လိုက်ပါ …

    inzali@gmail.com

Leave a Reply

Close
E-mail It