Windows XP မှာ hard drive တွေကို defragment လုပ်တာ drive တခုပြီး တခု စောင့်ပြီး လုပ်နေရတော့ သိပ်ပျင်းဖို့ကောင်းပါတယ်။ အချိန်လည်း အင်မတန်ကုန်ပါတယ်။ Drive တွေ ၃ ခု ၄ ခု ရှိတဲ့ Windows တွေမှာဆို ပိုဆိုးတာပေါ့။ ခက်တာက Windows ရဲ့ utility မှာကို က drive အားလုံးကို တပြိုင်တည်းလုပ်နိုင်တဲ့ utility မှမရှိတာ။
Disk Defragmenter ကို Command line နဲ့လည်း အလုပ်လုပ်ပါတယ်။
defrag <volume> [-a] [-f] [-v] [-?]
volume drive letter or mount point (d: or d:volmountpoint)
-a Analyze only
-f Force defragmentation even if free space is low
-v Verbose output
-? Display this help text

အဲဒီတော့ Windows မှာရှိတဲ့ Drive တွေအားလုံး ကို တခုပြီးတခု defrag လုပ်လို့ရအောင် notepad ထဲမှာ
defrag c: -f
defrag d: -f
defrag f: -f
defrag g: -f
ရိုက်ထည့်ပြီး File name ကို defragall.bat လို့ ပေးပြီး Save လိုက်ပါ။ Defragment လုပ်ချင်ရင် defragall.bat ကို Double Click လုပ်လိုက်ယုံ နဲ့ Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု defrag လုပ်သွားမှာဖြစ်တယ်။ Dirve တွေ အားလုံး Defragment ပြီးသွားရင် Command Prompt window အလိုအလျောက် ပိတ်သွားပါလိမ့်မည်။
ဘာကြောင့် defrag လုပ်ရသလဲလို့ ဆိုရင် ကျနော်တို့ သုံးနေတဲ့ hard disk မှာရှိတဲ့ file များ သုံးစွဲတာ များလာရင် ဘဲဖြစ်ဖြစ်၊ file များ (သို့) program များကို ထုတ်လိုက် သွင်းလိုက် လုပ်သည်ဘဲဖြစ်ဖြစ်၊ file များ (သို့) program များဟာ သူရှိနေကျ နေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေပါတယ်။ အဲလို ပြန့်ကျဲနေတဲ့ file များ (သို့) program များကို သူ့နေရာတကျ ရောက်အောင် hard disk ကို defrag လုပ်ပေးခြင်း ဖြစ်ပါတယ်။
Defrag မလုပ်ရင်ပေးရင် ကွန်ပြူတာက ဖြေးဖြေးခြင်း နှေးလာပါတယ်။ အနည်းဆုံး ၁ လကို ၂ ကြိမ် လောက် defrag လုပ်ပေးသင့်ပါတယ်။
November 9th, 2008 at 3:32 am
i have save defragalll.bat but i can’t double click go in defragall.bat what happen that
can u tell me please
January 21st, 2009 at 7:50 am
So cool!